ဝါရင်းဘတ်ဖတ်ရဲ့ အဆိုအမိန့်
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကတော့ မစ္စတာဝါရင်းဘက်ဖတ်(Warren Buffet) ပါ။တိုတိုနဲ့ထိမိတဲ့သူ့ရဲ့  ခံယူချက် အဆိုအမိန့်အချို့  က အောက်ပါ အတိုင်း
ဖြစ်ပါတယ်။
ငွေရှာတဲ့အခါ....
ဝင်ငွေတစ်ခုတည်းနဲ့ဘယ်တော့မှမရပ်တည်ပါနဲ့။ တခြား ငွေရနိုင်တဲ့ နည်းလမ်း ကိုလည်းရှာဖွေထားပါ။
ငွေသုံးတဲ့အခါ...
ကိုယ့်အတွက် သိပ်မလိုအပ်တဲ့ အရာဝတ္ထုပစ္စည်းတစ်ခုကို ဝယ်လိုက်မိရင် ကိုယ့်ဆီက အသုံးဝင်တဲ့
အရာပစ္စည်းတစ်ခု ဆုံးရှုံးရတော့မယ်လို့ မှတ်လိုက်ပါ။
ငွေစုတဲ့အခါ....
သုံးပြီးမှ ပိုတာကို စုမယ်လို့မလုပ်ပါနဲ့။ စုပြီးမှ ပိုတာကို သုံးပါ..။
ငွေရင်းတဲ့အခါ....
မြစ်ထဲကို ခြေထောက်နှစ်ဖက်လုံး စုံနှစ်လိုက်ဖို့ စိတ်မကူးမိစေနဲ့…။
ခြင်းတောင်းတစ်ခုထဲမှာပဲ ကြက်ဥတွေ အကုန်မထည့်လိုက်နဲ့..။
မျှော်လင့်ချက် ထားတဲ့အခါ.....
ရိုးသားမှုဟာ တန်ဖိုးကြီးလွန်းလို့
ဈေးပေါတဲ့ လူတွေဆီကဘယ်တော့မှ မမျှော်လင့်လိုက်ပါနဲ့..။
ဒီစကားတွေဟာလည်း ကျွန်တော်ဖေ့ဘုတ်ပေါ်ကရတာပါ။မူလရေးသားတင်ပြသူကိုကျေးဇူးတင်ပါတယ်။Credit to original uploader.