Saturday, October 5, 2013

ဝက်ဆိုဒ်အညွှန်း ၂

ဒီဘလော့မှာလာကြည့်တာအများဆုံးက ၀က်ဆိုဒ်အညွှန်းဖြစ်နေတော့ ကိုယ်သိသလောက် ထပ်ညွှန်းပေးပါ့မယ်။ အညွှန်း (၁) မှာပြောခဲ့သလို အင်တာနက်ကျွမ်းကျင်သူများကို ရည်ရွယ်ထားတာ မဟုတ်ကြောင်းနဲ့ ညွှန်းပေးသူကလည်း Professional ကြီးတစ်ဦးမဟုတ်ကြောင်းကိုတော့ ထပ်မံဖေါ်ပြလိုပါတယ်။

(၄)စာအုပ်လေးတွေ ဒေါင်းချင်တယ်ဆို ဒီဆိုဒ်တွေသွားပါ။
ကျွန်တော်အကြိုက်ဆုံး Site ကတော့ On Air ပါပဲ။သူ့ကို ကိုယ့်ရဲ့Facebook Account မှာ like လုပ်ထားပေးရုံနဲ့ သူတို့စာအုပ်တွေတင်တိုင်း ကိုယ့်ကို Message တွေပို့နေမှာပါ။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ စာအုပ်တွေ့ရင် ဒေါင်းလိုက်ရုံပါပဲဗျာ။ သိပ်ကိုလွယ်ပါတယ်။ အဲ တတ်နိုင်ရင်တော့ ၀ယ်ဖတ်ပေးပေါ့ဗျာ။ စာရေးဆရာဆိုတာ သူဌေးတွေ မဟုတ်တော့ သူတို့ကိုလည်း စာနာပေးပေါ့နော။
ဆိုဒ်ရဲ့ နာမည်က "0n Air စာအုပ်၊စာပေ၊ဟာသ၊ကဗျာ၊နှင့်အခြားသောအရာများ"  လိပ်စာကို တိုက်ရိုက်သွားချင်ရင်တော့ Search Box ထဲမှာ " https://www.facebook.com/onairmm?ref=stream&hc_location=stream " အဲသည်စာသားသာ ထည့်လိုက်ဗျာ။

နောက်ဆိုဒ်တစ်ခုကတော့ မြန်မာ့စာအုပ်စင်လို့ခေါ်တဲ့ Burmese Book Shelf ပါပဲ။ အဲသည်ဆိုဒ် ကလည်းတော်တော်တော့ စုံပါတယ်။ ဒါပေမယ့် မြန်မာပြည်ထဲကနေ Download ချဖို့တော့မလွယ်ပါဘူး။ လိုချင်တာရှိတယ်။ မရမနေချချင်ရင်တော့ နည်းပညာဆိုဒ်တွေမှာတင်းထားပေးတတ်တဲ့ IP Address တွေကျော်ခွတဲ့နည်းနဲ့ သုံးရင်တော့ရပါမယ်။ နိုင်ငံခြားရောက်နေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အကူအညီတောင်းပြီးပြန်ပို့ခိုင်းရင်လည်း ရပေမယ့်သူက အဲလိုမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ဆိုတော့လည်း ခက်သား။ ဘာပဲဖြစ်ဖြစ် လေ့လာချင်တယ်ဆိုတဲ့သူတွေအတွက် လိပ်စာပေးလိုက်မယ်။ လိပ်စာကတော့ "http://www.burmesebookshelf.com/" ပါပဲ။

Burmese Bookshelf နဲ့ပုံစံချင်းဆင်တဲ့ နောက်ဆိုဒ်တစ်ခုက Burmese Classic ပါ။ သူ့လိပ်စာကတော့ "http://burmeseclassic.com/"ပါ။

အဲနောက်ဆုံးအနေနဲ့ ညွှန်းချင်တဲ့ Site ကတော့ ၀က်ဆိုဒ်အညွှန်း (၁) မှာဖေါ်ပြခဲ့တဲ့ ဆရာဟိန်းတင့်ဇော်ရဲ့ Page ပါပဲ။ အဲသည်မှာသူ စုဆောင်းထားသမျှစာအုပ်တွေကို ဟိန်းတင့်ဇော် စာကြည့်တိုက်ဆိုပြီးပြန်ပြီး ဒါနလုပ်ထားပါတယ်ဗျာ။ ၀င်ဖတ်ဝင်ဒေါင်းလို့ ရပါတယ်ဗျာ။

အပေါ်မှာပြောခဲ့တာတွေကတော့ မြန်မာစာအုပ်တွေအတွက်ပေါ့။ တကယ်လို့ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကိုဒေါင်းလော့ ချချင်ရင်တော့ ebook 3000 ဆိုဒ်ကအကောင်းဆုံးပါပဲဗျာ။
ဒါနဲ့မှ မကျေနပ်သေးလို့ ထပ်ရှာချင်သေးတယ်ဆိုရင်တော့ Torrent Software တွေသုံးဖို့လိုပါတယ်။ ဒီနိုင်ငံတွေမှာတော့Torrent ကထင်ရှားပါတယ်။ သူ့ဆိုဒ်မှာကအပြင်မှာ ပိုက်ဆံပေးပြီးဝယ်ရတာတွေ ဥပမာ-Software တွေ၊ Movies တွေ ရော တော်တော်များများကို အလကားပဲတင်းဒေါင်းလို့ ရတယ်လေ။
သူ့ကိုသုံးရင်နည်းနည်းတော့ရှုပ်ပါတယ်။ Torrent တွေကလည်းအမျိုးအစားတွေအများကြီး ရှိပါတယ်။ကျွန်တော်ကတော့ Bit Torrent ကိုသုံးပါတယ်။ အဲဒီ Software ကို Google မှာရှာပြီးဒေါင်းလုပ်ချ။Install လုပ်ရပါမယ်။ ပြီးတော့မှ ကိုယ်ရှာချင်တဲ့စာအုပ်ကို Pirate Bay ဆိုတဲ့ Site မှာ သွားရှာရပါမယ်။ အဲသည်မှာတွေ့တယ်ဆိုရင် get torrent url ဆိုပြီး ဒေါင်းလိုက်မယ်ဆို စောစောက သွင်းထားတဲ့ Bit Torrent Software က သူ့ဘာသာတက်လာပြီး ဒေါင်းဖို့လုပ်မှာပါ။ အလုပ်ကတော်တော် ရှုပ်ပေမယ့် တကယ်တမ်းလိုလာတဲ့အခါ တကယ်အားကိုးလို့ရတာမို့ ဖေါ်ပြပေးလိုက်တာပါ။

No comments:

Post a Comment