Thursday, October 3, 2013

အပျင်းကြီးသူ

အပျင်းကြီးသူလို့ပြောလိုက်တာ တခြားသူကို မဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ်ပါ။
အတွေးဆိုတဲ့ ခေါင်းစဉ်
အောက်မှာ တခါတလေ ပေါ်ပေါ်လာတဲ့ ကိုယ့်ရဲ့ တောင်စဉ်ရေမရအတွေးတွေရေးမှာပါ။
အစက ကောင်းပိကောင်းရဲ့ ကိုယ်မှတ်ချင်တာတွေ တစုတစည်းတည်းမှတ်ရအောင်ရယ်၊
ဘာပဲဖြစ်ဖြစ် ကလိကြည့်ချင်တဲ့ ကိုယ့်အကျင့်ရယ်ကြောင့် ဒီဘလော့စာမျက်နှာ ဖွင့်ခဲ့တယ်။
ဒါပေမယ့်လဲ နောက်ပိုင်းတော့ ထုံးစံအတိုင်း ပျင်းရာကနေလျော့လာတယ်။
ပျင်းရိ ပျင်းလျော့ပေါ့ဗျာ။
အဲလိုတွေးမိတော့ ငါဟာအပျင်းကြီးလွန်းသူပါလား ဆိုတဲ့အတွေးက
တဆက်တည်းပေါ်လို့ ဒါလေးကိုရေးမိတာပါ။
ဒါနဲ့တဆက်တည်းပဲ ပျင်းခဲ့လို့ ကိုယ့်ဘ၀ တင်းတင်းရင်းရင်းမရှိဘဲ
လျော့သွားတဲ့ အစိတ်အပိုင်းတွေ မြင်လာတယ်။
နှမြောလိုက်တာဗျာ။
ကိုယ့်ဘာလို့ အပျင်းကြီးမိလဲလို့
ပြန်သုံးသပ်တော့ ကိုယ့်စံတွေမြင့်လွန်းနေတဲ့တချက်ရယ်။
အချိန်ဆွဲတတ်တဲ့တချက်ရယ်တွေ့လာတယ်။
ကိုယ်ကဘာပဲလုပ်လုပ်
သူများဟင်ခနဲဖြစ်အောင် အစွမ်းပြလုပ်ချင်စိတ်ပေါ့။
အလှပဆုံးရိုက်ချက်တွေနဲ့ပဲ
ချန်ပီယံဆုလိုချင်တဲ့ တင်းနစ်သမားလိုဖြစ်နေတယ်။
အဲလူက ဘယ်တော့မှချန်ပီယံမဖြစ်ဘူးတဲ့။
အဲဒါနဲ့တွဲပြီးအချိန်ဆွဲတတ်တဲ့ အကျင့်က၀င်လာပါရော။
ဒါနဲ့ပဲ ကိုယ်လည်းအပျင်းကြီးသူတစ်ယောက်ဖြစ်လာပါလေရောဗျာ။


 

No comments:

Post a Comment